Tuesday, November 7, 2017

Filled Under: ,

Burn-in display ပြဿ နာကာကွယ်နည်း နှင့် ပို၍ထပ်မဖြစ်အောင် ပြုလုပ်နည်း

OLED ကိုအသုံးပြုထားတဲ့ Android နဲ့ ios တွေမှာအဖြစ်များနေတဲ့
အရာတစ်ခုပါ။
Burn က ဘယ်လိုဖြစ်ပေါ်လာတာလဲ?
အများဆုံးဖြစ်တာက ဖုန်းကို လက်က မချလောက်အောင်သုံးတဲ့
OLED display တွေမှာဖြစ်တတ်ပါတယ်။OLED တင်မဟုတ်ပါဘူး
အခြားဖြစ်နေကြတာ အများကြီးပါပဲ။ 
သိပ်မကြာခင်က ထုတ်လုပ်တဲ့ iphone x မှာတောင်မှ Burn-in ဖြစ်နိုင်တယ်လို့
ဆိုထားပါတယ် ဘာကြောင့်လဲဆိုတော့ သူ့displayက OLED ကိုအသုံးပြုထားလို့ပါ။

Burn in အခြားဘယ်လို အရာတွေကြောင့် ဖြစ်ပေါ်လာရတာလဲ?
အကြောင်းအရင်းတစ်ခုကတော့ app တစ်ခုကို အကြာကြီးသုံးရင်
အဲ့ဒီ့် app ရဲ့ အရိပ်က display မှာ burn inအဖြစ်ပေါ်လာပါမယ်။
ဒီလိုဖြဟ်လာရင်တော့ ဖုန်းကို အရင်ထက် ပိုဂရုစိုက်ဖို့လိုပါတယ်။
အများစု ဖြစ်တာကတော့ facebook ကနေဖြစ်ပါတယ်။
ဒါရတော့ ညင်းလို့မရပါဘူး ခုခေတ်လူငယ်တွေနဲ့ သက်ကြီး ရွယ်အိုတွေက
အစ fb ကို အသုံးပြုနေကြပါတယ်။ဘာ့လဲ ဆိုတော့ သူက အချိန်ကြာသလောက်
စိတ်ဝင်စားစရာတွေကလဲ များလာတာကိုး ဒါကြောင့်လူတွေ စွဲကပ်နေကြတာပါ။
ခုစာရေးနေတဲ့ ကျွန်တော် ရောပါပဲ။
ဟုတ်ကဲ့ စာတွေ ဖတ်နေရတာ များနေပြီ ဘယ်လိုကာကွယ်ရမလဲ ဆိုတာလေး
လေ့လာကြည့်ရအောင်။
စာဖတ်သူ၏ဖုန်း Burn in ဖြစ်နေပြီလား
မဖြစ်သေးဘူးလာ ဆိုတာ သိချင်ရင်
ယခုပေးထားတဲ့ လင့်မှ ပုံကို ဒေါင်းယူပါ။
ဒီမှာဒေါင်းပါ။
ပုံကို ဖွင့်ကြည့်ပါ Burn in ဖြစ်နေရင်
ပုံရဲ့တစ်နေရာမှာ အရိပ် ရေးရေး လေးပေါ်နေမှာပါ။

Burn in Display မှကာကွယ်နည်း
--------------------------------------
1-Phone Display Brightness ကိုAuto နဲ့ ထက်ဝက်မှာပဲထားပါ
Full Brightness ကိုအရေးကြီး လိုအပ်မှာသုံးပါ။
2-ဖုန်းမှ file size ကြီးတဲ့ app တွေကို အချိန်အကြာကြီး မသုံးပါနဲ့
Brightness ကိုFull ထားပြီး မသုံးပါနဲ့ full ထားတာက မျက်စိကိုလည်း
ထိခိုက်စေပါတယ်။အထူးသဖြင့် Facebook ကို အကြာကြီး မသုံးစေချင်ပါဘူး။

Burn in ပို၍ မဖြစ်အောင်ကာကွယ်နည်း
--------------------------------------------
1-အပေါ်က အတိုင်းပါပဲ Phone Display Brightness ကိုAuto နဲ့ ထက်ဝက်မှာပဲထားပါ
Full Brightness ကိုအရေးကြီး လိုအပ်မှာသုံးပါ။
2-Twilight app ကို အသုံးပြုပါ။ဒီapp ရဲ့ကောင်းကျိုးက Burn in Display
ကိုပိုပြီး မဖြစ်အာင် ကာကွယ်ပေးနိုင်ပါတယ်။ ပျောက်သွားတဲ့ အထိ ရှိနိုင်ပါတယ်။
Twilight app အား ဒီမှာဒေါင်းယူပါ။
Setting ချိန်နည်း

လိုအပ်သလို ကြည့်ကောင်းသလို ချိန်ယူပါ
အလင်းရောင်ကိုသာ အလင်းကြီး မထွက်စေပါနဲ့
ကြာကြာသုံးပေးရင် အရင်ဖြစ်နေတဲ့ Burn in တွေတောင်ပျောက်နိုင်ပါတယ်။
အားလုံးကျေးဇူးတင်ပါတယ်။
ဒေါင်းလုဒ်လုပ်နည်းများကို
အောင်တွင်ရှိသော ပုံများတွင်ကြည့်လိုက်ပါ။
ဒေါင်းလုဒ်ယူနည်း (1)
ဒေ၊င်းလဒ်ယူနည်း (2)
ယခုတင်သော post တွင်အဆင်မပြေမှုများ ရှိပါက
comment boxတွင် မှတ်ချက် ရေးသားပေးခဲ့ပါ။
လာရောက် သူတို့ reply ပြန်ခြင်းသည် ကျွန်တော်တို့
အတွက် အားဆေးတစ်ခွက် ဖြစ်ပါတယ်။ 

0 comments:

Post a Comment